
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်တွင် ဒူးရင်းသီးနှင့် ကြက်မောက်သီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဒူးရင်းသီးနှင့် ကြက်မောက်သီးများကို ဒေသတွင်း စားသုံးခြင်းသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်းနှင့် ကြက်မောက်သီး စိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက်လျက်ရှိပြီး အသီးသီးပေါက်ဈေးရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်အတွင်း ဖြစ်ပေါ်နေသော ဒူးရင်းသီး တစ်လုံးလျှင် (၁၂၅၀၀)ကျပ်၊ အလားတူ ကြက်မောက်သီးဈေးနှုန်းများမှာ တစ်လုံးလျှင် (၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)