
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ပန်းသစ်တော်သီးနှင့် ပန်းသီးများ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းသစ်တော်သီးနှင့် ပန်းသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီး အသေးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလတ်တစ်လုံး လျှင် (၂၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးဈေးနှုန်းမှာ အသေး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)