
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ဒေသထွက် ကြက်ဥများ၊ ငုံးဥများ ဘဲဥဈေးနှုန်းများအနေဖြင့် ဗမာ ကြက်ဥ ( ၁ )လုံးလျှင် ( ၈၀၀)ကျပ်မှ ( ၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကြက်ဥအလုံးသေး ( ၁ )လုံးလျှင် ( ၃၅၀)ကျပ်၊ အလတ် ( ၁ )လုံးလျှင် ( ၄၀၀ ) ကျပ်၊ အကြီး ( ၁) လုံးလျှင် ( ၄၅၀)ကျပ်ဖြင့် လည်းကောင်း၊ ဘဲဥတစ်လုံးလျှင် ( ၅၅၀)ကျပ်၊ ငုံးဥ (၂၈)လုံးပါ တစ်ထုပ်လျှင် ( ၁၂၀၀ ) ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ စက်တင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသော်လည်း ငုံးဥဈေးမှာ ( ၂၀၀)ကျပ်ခန့် ဈေးနှုန်း မြင့်တက်သွားကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)