ဈေးနှုန်းကျဆင်းလာသောမြင်းခြံမြို့၏မြေပဲကြားအစိုတောင့်

Powered by Drupal

    မြင်းခြံမြို့ အေးမြသီတာဈေးအတွင်းရောင်းချနေသော မြေပဲကြားအစိုများကို ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် မြေပဲကြားအစို ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၃၇၀၀) ကျပ်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊   ယခင်လဖြစ်သော ဩဂုတ်လဒုတိယ ပတ်တွင် မြေပဲကြား အစို ၂၅ ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ပေါက် ဈေးများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် မြေပဲကြားအစို (၂၅) ကျပ်သားလျှင် (၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၃၀၀) ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ရာသီပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခြင်း ဖြစ်ကြောင်း၊ မြေပဲကြားအစိုများသည် လတ်ဆတ်၍ချိုသောကြောင့်  ပြုတ်စားခြင်း၊ ပေါင်းစားခြင်း ဖြင့် စားသုံးမှုများပြားကြောင်း၊ ဒေသတွင်းရောင်းချမှုအနေဖြင့် တစ်ရက်လျှင်ကုန်ချိန် (၅၀-၈၀) ပိဿာခန့်ရောင်းချရကြောင်း၊ မြေပဲကြားစိုအတောင့်ပြုတ်ရောင်းချသူများကိုလည်း ဖောက်သည်ပေး ၍ရောင်းချရကြောင်း၊  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)