အသင့်ချုပ်ပြီးသားမြင်းခြံချည်ထည်အမျိုးမျိုး၏ဈေးနှုန်းဈေးကွက်

Powered by Drupal

      မြင်းခြံမြို့နယ်၌ ရောင်းချနေသော နွားပျဉ်းချည်ထည်များကို တောင်သာမြို့ရှိ နွားပျဉ်းရွာနှင့် မိတ္ထီလာမြို့တို့မှ မှာယူ‌ရောင်းချကြောင်း၊ ပိတ်အုပ်ချည်ကွက်အမျိုးမျိုး၊ ပိတ်အုပ်ပြောင်ကွက်၊ ဖျဉ်တဘက်၊  ချည်စောင်၊ လက်သုတ်ပုဝါ၊ ဖျဉ်လုံချည်နှင့် ခေတ်ပေါ်ဒီဇိုင်းထွင်ချုပ်ထားသော Ready  made  ချည်ထည်အမျိုးမျိုးကို ရောင်းချလျက်ရှိသည့်အနက် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယ ပတ်အတွင်းရောင်းချလျက်ရှိသော မြင်းခြံချည်ချုပ်ထည် ဈေးနှုန်းများမှာ လူကြီးဝတ်ဘောင်းဘီရှည် ဆိုဒ်စုံဈေးနှုန်း များအနေဖြင့် S  ဆိုဒ်တစ်ထည်လျှင် – (၅၅၀၀)ကျပ်၊ M ဆိုဒ် (၆၀၀၀) ကျပ်၊ Lဆိုဒ်-(၆၅၀၀)ကျပ်၊ XLဆိုဒ်-(၇၀၀၀)ကျပ်ဖြစ်ကြောင်း၊မဝတ်ဂါဝန်ပုံမှန်ဆိုဒ်(၇၀၀၀)ကျပ်၊ မဝတ်ပုံဆန်း လက်တိုအင်္ကျီတစ်ထည် (၆၀၀၀) ကျပ်၊ ကျားရှပ်လက်ရှည် M ဆိုဒ် (၇၀၀၀)ကျပ်၊ L ဆိုဒ် (၈၀၀၀) ကျပ်၊ XL ဆိုဒ် (၉၀၀၀)ကျပ်ဖြစ်ကြောင်း၊ ကျားသင်္ဘောသားဝတ်အင်္ကျီ L ဆိုဒ်တစ်ထည်လျှင် (၅၀၀၀) ကျပ်၊ XLတစ်ထည်လျှင် (၅၅၀၀) ကျပ်၊ 2XLတစ်ထည်လျှင် (၆၀၀၀) ကျပ်၊ မဝတ်ကလေးရှည်စုံဝမ်းဆက် Ss ဆိုဒ် တစ်စုံလျှင် (၆၀၀၀)ကျပ်၊ S ဆိုဒ်တစ်စုံလျှင် (၇၀၀၀)ကျပ်၊  M ဆိုဒ်တစ်စုံလျှင် (၇၅၀၀) ကျပ်၊ L ဆိုဒ်တစ်စုံလျှင် (၈၀၀၀) ကျပ်ဖြစ်ကြောင်း၊ ကျားကလေးဝတ် ဝမ်းဆက်ရှည်စုံဈေးများမှာ S ဆိုဒ်(၅၅၀၀)ကျပ်၊Mဆိုဒ်(၆၅၀၀)ကျပ်၊Lဆိုဒ်(၇၅၀၀) ကျပ် ပေါက်ဈေး များဖြင့်ရောင်းချလျက်ရှိကြောင်း၊ မြင်းခြံချည်ထည်သည် တောင်သာမြို့နယ် နွာပျဉ်း ရွာမှထွက် ရှိသောကြောင့် ထိုရွာကိုအစွဲပြုပြီး နွားပျဉ်း ချည်ထည်ဟုလည်းခေါ်ဆိုကြောင်း၊   ချည်ထည် သည် မြန်မာ့ရိုးရာလက်မှုပညာတစ်ခုဖြစ်ပြီး ဝတ်ဆင်ရာ တွင်ပေါ့ပါးအေးမြသောကြောင့် လူကြီးလူငယ် မရွေး ဝတ်ဆင်အသုံးပြုသူ များပြားကြောင်း၊ အသင့်ချုပ် ချည်များအား ဈေးကွက်တင်ပို့မှုအနေဖြင့်  ရန်ကုန်မြို့၊ ပြင်ဦးလွင်မြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ စသည် ဖြင့် အမြို့မြို့အနယ်နယ်သို့တင်ပို့ ရောင်းချကြောင်း မြင်းခြံချည်ထည်ရောင်းချသူ၏ ပြော ပြချက်အရ သိရှိရပါသည်။ ချည်ထည်သည် နွေ၊မိုး၊ဆောင်း ရာသီမရွေး ဝတ်ဆင်ကြသောကြောင့် ဈေးကွက်တစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး တွင်တွင်ကျယ်ကျယ်ရောင်း ဝယ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)