ပေါင်မြို့နယ်၌ ဥစားပိန်းများစျေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာ

Powered by Drupal

   မွန်ပြည်နယ်၊ ပေါင်မြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ဥစားပိန်း စိုက်တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင် တစ်နိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။ ဥစားပိန်းပင်များကို မစိုက်မီမြောင်းဘောင်ကို အရင်ဆုံးပြုပြင်ရပြီး စိုက်ဘောင်များအတွင်း မြေခံကြက်ချေး သို့မဟုတ် နွားချေးနှင့် ဆန်စက်မှရရှိသည့် ဖွဲမှုန့်များကို ရောစပ်ထည့်ပေးရကြောင်း၊ ပိန်းပင်ပေါက်များကို တစ်ပင်နှင့်တစ်ပင် တစ်ပေခန့်အကွာ စိုက်ပျိုးရကြောင်း၊ အပင်ကြီးထွားမှုနှင့် လေဝင် လေထွက် ကောင်းရန် ဂရုစိုက်ရပြီး ရက်(၈၀) ခန့်အကြာတွင် စတင်၍ ဥများတူးဖော်ကာ ရောင်းချ ရကြောင်း ပေါင်မြို့နယ်၊ ကျုံကကျေးရွာမှ ဥစားပိန်းစိုက် တောင်သူတစ်ဦးကပြောသည်။ ဥစားပိန်းများကို ရာသီမရွေးစိုက်ပျိုးရပြီး စျေးကွက်တွင် ဒေသပေါက်စျေး တစ်ပိဿာလျှင် (၇၀၀၀) ကျပ် ရရှိကာ တောင်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရာမှ ယခုအခါ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

DOCA (မွန်)