
မြိတ်ခရိုင်တွင် ဒေသတွင်းစားသုံးရန်ဆန်စိုက်ပျိုးမှုရှိသော်လည်း ဒေသတွင်းစားသုံးရန် မလုံလောက်သဖြင့် ဧရာဝတီတိုင်း မှအဓိကမှာယူ၍ တင်းသွင်းရောင်းချလျက်ရှိပါသည်။ ထိုအပြင် စက်တင်ဘာလ၌ ဆန်ရည်ညွှန်းစျေးနှုန်းများကျဆင်းသွားကြောင်းသိရှိရပါသည်။ ဆန်ရည်ညွှန်း စျေးကျဆင်းခြင်းကြောင့် မြိတ်ခရိုင်ရှိ ဆန်စျေးနှုန်းများ ကျဆင်းလာကြောင်း ထိုအပြင် ဒေသထွက် ဆန်များပါစျေးကျဆင်းလာကြောင်းသိရှိရပါသည်။
စက်တင်ဘာလ(၁၈)ရက်နေ့တွင် ဆန်ဆိုင်တစ်ဆိုင်အား ဆန်စျေးနှုန်းစုံစမ်းချက်အရ ပေါ်ဆန်းဆန်တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ် ခန့်ရှိပြီး ယခင်က ပေါ်ဆန်းဆန်စျေးနှုန်းမှာ ၁၅၅၀၀၀ကျပ် ခန့်စျေးရှိသဖြင့် ကျပ်၁၅၀၀၀ခန့်စျေးကျဆင်းသွားကြောင်း စူပါဧည့်မထစျေးနှုန်းမှာ ၇၄၄၀၀ ကျပ် ဖြစ်ပြီး ယခင်က ၈၀၀၀၀ကျပ်ခန့်စျေးရှိသဖြင့် ကျပ် ၅၆၀၀ခန့်စျေးကျဆင်းသွားကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)