
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။
ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက် အချိန်ကုန်သက်သာစေသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်း ဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြကြောင်း၊၂၀၂၅ခုနှစ်၊စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချခဲ့သော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်းတစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင်(၂၂၅၀၀)ကျပ်၊ ဝက်အူချောင်း(၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဝက်အူချောင်း(၁)ပိဿာလျှင်(၄၆၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သား လျှင်(၂၃၀၀၀)ကျပ်၊ ဝက်အူချောင်း(၁၀)ကျပ်သားလျှင် (၄၆၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း လူကြီး လူငယ်မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)