ဖူးစားပြောင်းစျေးကွက်”

Powered by Drupal

         ပြင်ဦးလွင်မြို့နယ်တွင် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ပန်းမာန်များအား အများဆုံးထွက်ရှိရာဒေသဖြစ်သည့်အားလျှော်စွာ ၄င်းတို့အား မြန်မာနိုင်ငံအနှံအပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ၄င်းသီးနှံများအနက် ဖူးစားပြောင်းများအား ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် (၇၆၅)ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင်ထွက်ရှိနေပြီဖြစ်ပါသည် ။ ဖူးစားပြောင်းကို မိုးဖူးစားပြောင်းနှင့် ဆောင်းဖူးစားပြောင်းတို့ကို(၂)ပိုင်းခွဲခြားစိုက်ပျိုးကြပါသည်။ မိုးဖူးစားပြောင်း စတင်စိုက်ပျိုးချိန်ကတော့ မေ၊ ဇွန်လမှာ စိုက်ပျိုးပြီး သီးနှံရိတ်ချိန် သြဂုတ်၊ စက်တင်ဘာလများဖြစ်ပါတယ်။ ဆောင်းဖူးစားပြောင်းကတော့ မိုးသီးနှံရိတ်သိမ်းပြီးတဲ့ စက်တင်ဘာ၊အောက်တိုဘာလမှာ စတင်စိုက်ပျိးပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလမှာရိတ်သိမ်းကြပါတယ်။ ဖူးစားပြောင်း မိုး/ဆောင်း (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀-၇၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပြီး (၁)ဧကအထွက်နှုန်းအနေဖြင့် အဖူးရေ(၄၀၀၀)ဖူးခန့်ထွက်ရှိပြီး ယခုလက်ရှိ စျေးကွက်ထဲတွင် ပြောင်းဖူးအရွယ်အစားပေါ်မူတည်၍ ပွဲရုံဖြတ်စျေးအနိမ့်ဆုံး(၃၅၀/-)ကျပ်မှ အမြင့်ဆုံး(၅၅၀/-)ကျပ် စျေးရှိနေပြီး စျေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများသို့ နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)