
ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့်မြို့မစျေးအတွင်းသို့ ဂျူးဖူးများဝင်ရောက်လျက်ရှိပါသည်။ ဂျူးဖူးကို အများအားဖြင့် ရှမ်းပြည်နယ် အများဆုံးစိုက်ပျိုးကြကြောင်း၊ ဂျူးဖူး၏ အရာသာမှာ ချိုမြပြီး ကြက်သွန်အရသာလိုပေးစွမ်းတဲ့ ဂျူးဖူးကို လူတိုင်းစားဖူးကြပါသည်။ ဂျူးဖူးကို အများသောအားဖြင့် အသဲအမြစ်နှင့်ဖြစ်စေ၊ အသားနှင့်ဖြစ်စေ ကြော်စား၍လည်းကောင်း ၊အသုပ် သုပ်၍သော်လည်းကောင်း၊ ချဉ်ရည်ချက်စား၍သော်လည်းကောင်း၊ စွပ်ပြုတ်၊ဖတ်ထုပ်တို့တွင်လည်းကောင်း၊ အဖူးကို ထောင်း၍သော်လည်းကောင်း၊ ဂျူးဖူးတစ်မျိုးတည်းကြော်၍သော်လည်းကောင်း စားသုံးကြပါသည်။ ဂျူးဖူးတွင် ပရိုတင်းဓာတ်၊ အောက်ဆီးဒင့်ဓာတ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင် ဓာတ်အများအပြားပါဝင်သောကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးကြောပိတ်ဆို့မှု လေဖြတ်ရောဂါ၊ အဆုပ်နှင့်ခံတွင်းကင်ဆာ စသည့်ရောဂါများ ဖြစ်နိုင်ခြေလျော့ကျစေကြောင်း ကျန်းမာရေးဗဟုသုတအရ သိရှိရပါသည်။ယခုအချိန်တွင် ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးအတွင်းသို့ ဂျူးဖူးများ စျေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ဖောက်သည်စျေးအနေဖြင့် ဂျူးဖူး(၁)ပိဿာလျှင် (၈၀၀၀/-)ကျပ်ရှိပြီး လက်လီစျေးအနေဖြင့် (၁)ပိဿာလျှင် (၁၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)