“စီးပွားဖြစ်စိုက်ပျိုးလာသောသင်္ဘောသီး”

Powered by Drupal

           သင်္ဘောပင်တွင် အဖိုပင်၊ အမပင် ဟူ၍(၂)မျိုးရှိရာ အဖိုပင်တွင် အသီးသီးလေ့မရှိဘဲ အပွင့်များအခိုင်လိုက်ပွင့်ကြောင်း၊ အမပင်သည် ပွင့်၍အသီးသီးလေ့ရှိကြောင်း၊ သင်္ဘောပင်စိုက်ပျိုးရာတွင် ပျိုးထောင်စနစ်နှင့်စိုက်ကျင်းအတွင်း အစေ့ချစနစ်ဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးရာတွင် သွပ်ပြားကိုအောက်ခံပြီးမှ ယင်းအပေါ် မြေသား ၄လက်မခန့် အထူထည့်၍ ပျိုးထောင် လေ့ရှိကြောင်း၊ အဖိုပင်သည် အမပင်ထက် ပိုမိုသန်းစွမ်းသောကြောင့် အမြစ်သည်အောက်တွင်ခံထား သောသွပ်ပြားနှင့်မြန်မြန်ထိလွယ်သောကြောင့် ပြောင်းရွှေ့စိုက်ပျိုးချိန်တွင် အဖိုပင်များသည် ညှိုးနွမ်းလေ့ရှိကြောင်း၊ အဖိုပင်၊ အမပင်ခွဲရာတွင် ဤနည်းကိုအသုံးပြုကြကြောင်း၊ပျိုးပင်သက်တမ်း ၁လခွဲ၊ ၂လသားခန့်တွင် စိုက်ခင်းသို့ပြောင်း‌ရွှေ့စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင်များကိုဝယ်ယူ၍ စိုက်ပျိုးမည်ဆိုပါက ပျိုးပင်တစ်ပင်လျှင်(၁၂၀၀/-)ကျပ်ခန့် စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမည့်စိုက်ခင်းသည် ရေမဝပ်သောနေရာဖြစ်ရန်လိုအပ်ပြီး စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်း အကွာအဝေး မှာ(၈-၁၂)ပေအထိ လေးကွက်ကြားစနစ်ဖြင့် စိုက်ပျိုးသင့်ကြောင်း၊ (၁)ဧက စိုက်ပျိုးမည်ဆိုပါက သင်္ဘောပျိုးပင်(၃၀၀)ခန့် ဝင်ဆံ့ကြောင်း၊ စိုက်ပျိုးပြီးရေကိုဝအောင်လောင်းပေးရကြောင်း၊ အမြစ်စွဲသည့်အချိန်မှစ၍ (၆)လတစ်ကြိမ်ခန့် စိုက်ကျင်း တစ်ကျင်းလျှင် နွားချေးဆွေး (၁)တင်းနှင့် လိုအပ်သည့်အပင်အတွက် အားဆေးများ၊ဓါတ်မြေသြဇာများကျွေးပေးရကြောင်း၊ စတင်စိုက်ပျိုးသည့်အချိန်မှစ၍ (၄-၅)လ အကြာတွင် အသီးများကို စတင်ခူးဆွတ်စားသုံးရောင်းချနိုင်ပြီဖြစ်ကြောင်း ၊   သင်္ဘောမျိုး  အလိုက်တစ်ပင်လျှင် အလုံးရေ(၅၀-၁၀၀)အထိ အသီးသီးကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၅)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ စျေးကွက်အတွင်းတွင်သင်္ဘောသီးစျေးနှုန်းအနေဖြင့် တစ်လုံးလျှင်(၂၅၀၀-၃၀၀၀)ကျပ်စျေးနှုန်းများဖြင့် ရောင်းချရသောကြောင့် (၁)ဧက အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၅၀)ခန့် အမြတ်ရရှိသဖြင့် သင်္ဘောသီး သီးနှံအား စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)