ကျွန်းလှမြို့၌ ရောင်းချနေသော နာနတ်သီး နှင့် ထောပတ်သီး ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်ပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နာနတ်သီ ဈေးနှုန်းများမှာ နာနတ်သီး အကြီး(၁)လုံးလျှင်(၇၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၆၅၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ ထောပတ်သီး ဈေးနှုန်းများမှာ ထောပတ်သီး အကြီး(၁)လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုးလျှင်(၃)လုံး နှင့် အသေး(၁)လုံးလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး သီးနှံမျိုးစုံထဲမှ ဖရဲသီး၊ ဩဇာသီး၊ နဂါးမောက်သီး၊ ငှက်ပျောသီးနှင့် မာလကာသီးတို့ကို မိမိတို့ ဒေသထွက်နှင့် အခြားသစ်သီးများကို မြစ်ကြီးနားမြို့တို့မှ မှာယူရောင်းချလျက် ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)