ကျွန်းလှမြို့၌ ရောင်းချနေသော ပန်းသစ်တော်သီး နှင့် ပန်းသီး ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ ဩဇာသီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု စက်တင်ဘာလ တတိယပတ်ပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၃၅၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး၊ အသေး(၁)လုံးလျှင်(၃၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ ပန်းသီး ဈေးနှုန်းများမှာ ပန်းသီး အကြီး(၁)လုံးလျှင်(၂၀၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀၀)ဖိုး(၅)လုံး၊ အလတ်(၁)လုံးလျှင် (၁၇၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုးလျှင်(၃)လုံး နှင့် အသေး(၁)လုံးလျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်‌ ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပန်းသစ်တော်သီး နှင့် ပန်းသီး တစ်လုံးလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)