
ကျွန်းလှမြို့တွင် ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက်နှင့် မုန့်လင်မယားကို ပြုလုပ်ရောင်းချလျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပြားသလက် အဖြူဈေးနှုန်းမှာ(၁)ခုလျှင်(၂၅၀)ကျပ်၊ မုန့်ပြားသက်အနီဈေးနှုန်းမှာ (၁)ခုလျှင် (၃၀၀)ကျပ်နှင့်ကြက်ဥ မုန့်ပြားသလက် ဈေးနှုန်းမှာ (၁)ခုလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မုန့်လင်မယား ဈေးနှုန်းအနေဖြင့် မုန့်လင်မယား(၁)ခုလျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး လျှင်(၁၁)ခုတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
