၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယ)ပတ်တွင်ဖြစ်ပေါ်နေသာ အုန်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

    ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများများရောင်းချသည့်အပြင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ အုန်းသီးများမှာ ဒေသမှထွက်ရှိသည့် အုန်းသီးများအပြင် အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိပါသည်။ အုန်းသီးမှာ အုန်းစိမ်းနှင့် အုန်းသီခြောက်ဟူ၍ ရှိကြောင်း၊ အုန်းစိမ်းများမှာ အညှာမပြတ်ခူးဆွတ်ရ၍ သာသနာပွဲများနှင့် ကန်တော့ပွဲများတွင် အသုံးပြုကြကြောင်း၊ အုန်းသီး ခြောက်ကိုမူ မုန့်များပြုလုပ်ရန်နှင့် သရေသစာစားသုံးရန်အတွက်အသုံးပြကြကြောင်း ၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းမှာ သာသနာပွဲအုန်း(၁)လုံး လျှင် (၆၀၀ဝိ/-)ကျပ်၊ ဒေသတွင်းထွက်ရှိသည့် အုန်းသီးခြောက် (၁)လုံးလျှင် (၄၀၀ဝိ/-)ကျပ် နှင့် အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးခြောက်(၁)လုံးလျှင် (၄၅၀ဝိ/-)ကျပ်၊ (၅၀၀ဝိ/-)ကျပ်၊ အုန်းသီး ခြောက်ကိုခွဲစိတ်၍ အစိတ်ဖြင့်ရောင်းချကြောင်း အုန်းသီးစိတ် (၁)စိတ် လျှင် (၄၀ဝိ/-)ကျပ်ဖြင့် အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)