
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ သီးသီးပင်၊ နဂါးမောက်သီး ပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ ဩဇာသီးပင်၊ အုန်းသီးပင်နှင့် မာလကာသီးပင်များကိုလည်းစိုက်ပျိုးကြသည့်အနက် ဩဇာသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဩဇာသီး ဈေးနှုန်းအနေဖြင့် ဩဇာသီး အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး(၃)လုံး၊ အသေး တစ်လုံးလျှင်(၂၅၀/၂၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄/၅)လုံးဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် သလဲသီး အကြီး(၁)လုံးလျှင်(၅၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)