ကန်ကြီးထောင့်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

Powered by Drupal

   ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများသည် ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင် အနေဖြင့်လည်းကောင်း၊ စီးပွားဖြစ် အနေဖြင့်လည်းကောင်း သီးနှံများကို စိုက်ပျိုး၍ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ကျောက်ဖရုံသီးဈေးနှုန်းမျာ (၁) လုံးလျှင် (၄၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ အလုံးကြီးအလှ (၁) လုံးလျှင် (၆၀၀၀) ကျပ်ဖြင့်ရောင်းချ လျက်ရှိကြောင်း နှင့် ရွှေဖရုံသီး ဈေးနှုန်းမှာ (၁) လုံးလျှင် (၂၀၀၀) ကျပ်၊ အလုံးကြီး အလှ (၁) လုံးလျှင် (၄၀၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)