
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ခြံစည်းရိုးများတွင် ဂွေးသီးပင်များကို စိုက်ပျိုးထားရှိကြကြောင်း၊ ဂွေးသီးပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး စက်တင်ဘာလဆန်းမှစ၍ ရာသီပေါ်ဂွေးသီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ ဂွေးသီးပင်တွင် ဂွေးချိုပင်နှင့်ဂွေးချဉ်ပင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ဂွေးချိုသီးများကို အချဉ်ပေါင်းပြုလုပ်ရာတွင် သရေစာအဖြစ် စားသုံးကြကြောင်း၊ ဂွေးချဉ်သီးများကို အိမ်ရှင်မများအနေဖြင့် ဟင်းချက်ရာတွင် စားသုံးကြကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ဂွေးချဉ်သီး(၁၀)လုံးလျှင် ၅၀၀ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးလတ်ဆတ်မှုနှင့် အလုံးအကြီးအသေး အရွယ်အစားအပေါ်တွင် မူတည်၍ ဈေးနှုန်းကွာခြားကြောင်း၊ စားသုံးမှုအနေဖြင့် ဂွေးသီး(အချဉ်သီး) များကို ဂွေးသီးငပိချက်၊ ဂွေးသီးအမဲသားနှပ်ချက်၊ ဂွေးသီးမြေပဲဆံချက်နှင့် ဂွေးသီးငါးအစပ်ချက်၊ ဂွေသီးဝက်သားနှပ် စသည်တို့ချက်ပြုတ်စားသုံးလေ့ ရှိကြသောကြောင့် ရာသီပေါ်ဂွေးသီး (အချဉ်သီး)များ ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
