
အိမ်တိုင်းတွင် မရှိမဖြစ်သုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များရှိသည့်အနက် နနွင်းမှုန့် သည်လည်း ရေး ပါ ခဲ့သည်။ နနွင်းမှုန့်ကို ဟင်းချက်ရာတွင်သာမက ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ နနွင်းမှုန်သည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ လေးဘက်နာရောဂါ၊ ရင်ပူခြင်း၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အရေပြားရောင်ရမ်းခြင်း အစရှိသည့်ရောဂါများအတွက်အထောက်အကူပြုပါသည်။
နနွင်းပင်ကို တောင်ယာမြေတွင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် နှစ်ရှည်ပင်များဖြစ် သော သရက်ပင်၊ လျှော်ဖြူပင် စသည့်အရိပ်ရသောအပင်များအကြားတွင်စိုက်ပျိုး ကြသည်။နနွင်းပင်မှ နွင်းဖူးများကိုလည်း လူကြိုက်များသဖြင့် ခူးဆွတ်ရောင်းချနိုင်ပါသည်။
၂၀၂၅ခုနစ်၊ စက်တင်ဘာလ၊ တတိယပတ်အတွင်း မုံရွာမြို့တွင် ရောင်းချနေသော နနွင်းတက် စျေးနှုန်းများမှာ ၁ ဆယ်သားလျှင် (၁,၀၀၀) ကျပ်နှုန်း၊ ၁ ပိသာလျှင် (၁၀,၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။နနွင်းကျိတ်သား အစစ်မှုန့်စျေးနှုန်းမှာ ၁ ဆယ်သားလျှင် (၁၅၀၀) ကျပ် နှုန်း၊ (၁) ပိသာလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့် လည်းကောင်း၊ နနွင်းတက် ဈေးနှုန်း မှာ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ (၁)ပိသာလျှင် (၁၈၀၀၀) ကျပ်ဖြင့် လည်းကောင်းရောင်း ချလျက်ရှိကြောင်း ကုန်စုံဆိုင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
