“ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခြင်းကို  အောက်တိုဘာလ (၉) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ တာဝန်ရှိသူများ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံစားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် မကျီးတန်းရပ်ကွက်ရှိ တော်ဝင်စတိုး၊ ဇာနည်ဆေးစတိုးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း /အပြင်ရှိ ဆေးဆိုင်များအား ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ် အသားပြည့်စုံစွာ ဖော်ပြပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဝယ်ယူစားသောက်အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ် အသား တွင် ဖော်ပြရမည့်အချက်များ ပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန် ယခုဘဏ္ဍာနှစ်အတွင်း ဈေး ကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား(၁၀)မျိုးအား သတ်မှတ်ကာလများ အတိုင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)