
ပေါက်ပန်းဖြူရွက်သည် ဆီးနီ၊ဆီးနည်းရောဂါများအတွက် ဟင်းချက်စား၍လည်းကောင်း၊ အပွင့်ကိုကြော်စားခြင်း၊ ချက်စားခြင်းဖြင့်ဆီးရောဂါသက်သာစေနိုင်ခြင်း၊ အရွက်နှင့်အပွင့်ကို မကြာခဏ ပြုတ်ပြီးတို့စားပေးလျှင် သည်းခြေရောဂါ၊ ကျောက်ကပ်တွင်ကျောက်ရှိသူများ သက်သာစေခြင်း၊ ပေါက်ပန်းဖြူပွင့်ကို သုပ်စားခြင်းဖြင့် မီးယပ်ဖြူဆင်းရောဂါ၊သွေးအန်သွေးကျရောဂါ သက်သာစေခြင်း ပေါက်ပန်းဖြူရွက် သတ္တုရည်ကိုအုံပေးပါက အပူလောင်တာသက်သာ စေခြင်း ၊ ပေါက်ပန်းဖြူအပွင့်၏ သတ္တုရည်ကိုမျက်စိခပ်ပေးပါကမျက်စိမှုန် ၊ မျက်စိဝေသက်သာစေခြင်း၊ အဆစ်ရောင်ရောဂါဝေဒနာ ခံစားနေရပါက ပေါက်ပန်းနီ၏အမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် သက်သာစေခြင်း၊အပွင့်သို့မဟုတ် အရွက်ကိုအရည်ညှစ်ယူ၍ အရည်ကိုခေါင်းမကိုက်သော တစ်ဘက်ရှိ နှာခေါင်းမှရှူပေးပါက ပျောက် ကင်းစေခြင်း၊ အပွင့်ကိုပြုတ်စားပါကကြက်မျက်သင့်ရောဂါပျောက် ကင်းစေခြင်း၊ အရွက်၏သတ္ထုရည် တွင် ဂျင်းခြောက်၊ ပိတ်ချင်း၊ ကြံသကာတို့ကို အတူရော၍ ရှူပေး ပါက စိတ်ပျံ့လွင့်မှုသက်သာစေခြင်း တုတ်ကွေးဖျားရိုးရိုးဖျားခြင်းများအတွက် ပေါက်ပန်းဖြူ အရွက် ကို ကြက်သွန်နီနှင့် ကြော်စားပေးပါက သက်သာစေနိုင်ကြောင်းသိရှိရသည်။ ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာပျံကျဈေးတွင် ပေါက်ပန်းဖြူဈေးနှုန်းမှာ (၁၀)သားကို(၁၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။
DOCA (မန္တလေး)
