ကမ္ဘောဒီးယား၏ အထည်အလိပ်၊ ဖိနပ်နှင့် ခရီးသွားအထောက်အကူပြုပစ္စည်းများ တင်ပို့မှု သည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ကျော်လွန်

Powered by Drupal

               ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း အထည်အလိပ်၊ ဖိနပ်နှင့် ခရီးသွားအထောက်အကူပြုပစ္စည်းများ အမေရိကန်ဒေါ်လာ ၁၂.၂ ဘီလီယံ ကျော် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၆.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရားဝင်အစီရင်ခံစာတွင် အောက်တိုဘာလ ၂၃ ရက်နေ့က ဖော်ပြထားပါသည်။

          အထည်ချုပ်လုပ်ငန်းမှ အမေရိကန်‌ဒေါ်လာ ၈.၆၃ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို ယခင်နှစ် ဇန်နဝါရီ - စက်တင်ဘာလအတွင်း တင်ပို့ခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၁၆.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြုစုထားသော အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ အထည်အလိပ်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၅၀၅ တန်ဖိုးရှိ ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခဲ့ရာ ၃၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

          အမေရိကန်‌ဒေါ်လာ ၁.၅၄ ဘီလီယံ တန်ဖိုးရှိ ဖိနပ်များတင်ပို့ခဲ့ရာ ၂၆.၇ ရာခိုင်နှုန်း တိုးတက် လာခဲ့ပါသည်။ အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလီယံတန်ဖိုးရှိ ခရီးသွားအထောက်အကူ ပြုပစ္စည်း များနှင့် အိတ်များကို နိုင်ငံတကာဈေးကွက်တွင် ရောင်းချခဲ့ရာ ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း လည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          အထည်အလိပ်၊ ဖိနပ်နှင့် ခရီးသွားအထောက်အကူပြုပစ္စည်းများသည် ကမ္ဘောဒီးယားနိုင်ငံ အတွက် နိုင်ငံခြားငွေအများဆုံးရှာပေးသည့် လုပ်ငန်းများဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)