
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့စားသုံးသူရေးရာ ဦးစီးဌာနသည် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု တည်ငြိမ်ဖွံဖြိုး တိုးတက် ရေးအတွက် အသင်းအဖွဲ့များ တိုးချဲ့စည်းရုံးဖွဲ့စည်းပြီး private public production ကို အကောင်အထည်ဖော်ဆောင်နိုင်ရေးကိုခည်း ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့နယ်အတွင်းရှိ မြို့နယ်ဆီကုန်သည်အသင်းအား ၂၀၂၆-၂၀၂၈ သက်တမ်းအတွက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ၉.၁၁.၂၀၂၅ ရက်နေ့ နေ့လည်(၁:၀၀)နာရီတွင် မြို့နယ်စားသုံးသူရေးရာ အစည်းအဝေးခန်းတွင် အသင်းသားများနှင့် တွေ့ဆုံအစည်းဝေးလုပ်ခဖဲ့ပါသည်။
အဆိုပါအစည်းအဝေးတွေ့ဆုံပွဲသို့ ယခင်အသင်းဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ အသင်းသူ / အသင်းသား ၃၀ကျော် တက်ရောက်ခဲ့ပြီး အသင်းသစ်သားမြို့နယ်၊အထွေထွေအုပ်ချုပ်ရေး ဌာန၏ လမ်းညွှန်ချက်အတိုင်း အသင်းအဖွဲ့စည်းမျဉ်းနှင့်အညီ ပြန်လည်ဖွဲ့စည်းနိုင်ရန်၊ အသင်းပြန်လည် ဖွဲ့စည်းခွင့်ပြုနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနသို့ လျှောက်ထားတင်ပြရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
DOCA(ပဲခူး)
