My RO မှတ်ပုံတင်နိုင်ရေး ချမ်းသာအဆင့်မြင့်ဆန်စက်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒုတိယဦးစီးမှူး)တို့သည် ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်းအေးသာဇံမြို့နယ်၊ ချမ်းသာအဆင့်မြင့်ဆန်စက်သို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆန်၊ စပါး သိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mm တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ပြည်တွင်း ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်မှုရှိစေရေးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး My RO နှင့် ပါတ်သက်သော My RO အကြောင်းသိကောင်းစရာ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)