
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ဉာဏ်ရည်တုဆိုင်ရာအသုံးဝင်မှုနှင့် ဆောင်ရန်၊ ရှောင်ရန်အကြောင်း သိကောင်းစရာသင်တန်းအား(၂၈-၁၀-၂၀၂၅)ရက်နေ့မှ (၂၉-၁၀-၂၀၂၅)ရက်နေ့ထိ (၂)ရက်ကို မန္တလေး တိုင်းရုံးရှိ အရာထမ်း၊ အမှုထမ်း(၂၁)ဦးမှ in person ဖြင့်လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးများရှိ အရာထမ်း၊ အမှုထမ်း(၃၀)ဦးမှ virtualဖြင့်လည်းကောင်း၊ စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့ကြပါသည်။
သတင်းအချက်အလက်နည်းပညာများ အချိန်နှင့်တစ်ပြေးညီဖွံ့ဖြိုးနေသော ယနေ့ကမ္ဘာကြီး တွင် နည်းပညာများနေ့စဉ် တိုးတက်လာနေပြီး နေ့စဉ်နှင့်အမျှတိုးတက်နေသော နည်းပညာများကို စဉ်ဆက်မပြတ်လိုက်ပါနိုင်ရန်မှာ အလွန်အရေးကြီးသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ AIကဲ့သို့သော နည်းပညာများပေါ်ပေါက်လာပြီး နယ်ပယ်အလိုက်၊ ကဏ္ဍအလိုက်နေ့စဉ်တိုးတက်မှုများ တစ်ရက် နှင့်တစ်ရက်မတူညီအောင် ပြောင်းလဲတိုးတက်နေသောခေတ်တွင် နည်းပညာအသစ်ဆန်းများနောက် ခေတ်နှင့်အညီ လိုက်ပါနိုင်ရေးကိစ္စမှာ အထူးအရေးပါသော ကိစ္စတစ်ခုဖြစ်လာနေပါသည်။ ထိုကဲ့သို့ တိုးတက်လာသော နည်းပညာခေတ်တွင် နိုင်ငံတော်အစိုးရမှလည်း E-government မဟာဗျူဟာ အစီအမံများဖြင့် နိုင်ငံ့ဝန်ထမ်းများ IT နည်းပညာအရည်အသွေး၊ အရည်အချင်းများ တိုးတက်လာ စေရေး၊ IT နည်းပညာနှင့်အတူ လိုက်ပါနိုင်စေရေး စီမံချက်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပြည်နယ် အလိုက်၊ တိုင်းဒေသကြီးအလိုက်၊ ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း E-government အစီအမံများတွင် လိုက်ပါဆောင်ရွက်နိုင်ရေး ဦးစီးဌာနအလိုက် SOP များရေးဆွဲ၍ စီမံချက်များချမှတ်၍ လိုက်ပါဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း မိမိတို့ဌာနမှ အရာထမ်း၊ အမှုထမ်းများ နည်းပညာနှင့် ပိုမိုထိတွေ့မှုရှိစေနိုင်ရေး၊ ရုံးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ E-government မဟာဗျူဟာလုပ်ငန်းစဉ်အရ ဝန်ထမ်းများ နည်းပညာအရည်အသွေး၊ အရည်ချင်းများ တိုးတက်လာစေရေးတို့အတွက် ရည်ရွယ်ပြီး ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
