“ကျောက်ဆည်မြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

Powered by Drupal

       ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူ များအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ နိုဝင်ဘာလ(၂) ရက်နေ့တွင် ကျောက်ဆည်မြို့ ၊ ပြည်သူကဆေးရုံဝန်းအတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ် ၊ ကြက်သားတစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ် ၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၆၇၅/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သက်မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)