“ဂေါ်ဖီထုပ်များစျေးကွက်အတွင်းဖြိုင်ဖြိုင်ဝင်ရောက်”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ မုန်လာထုပ်(ခ) ဂေါ်ဖီထုပ်များ စျေးကွက်အတွင်းသို့ ဖြိုင်ဖြိုင်ဝင်ရောက်လာပီး အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ဂေါ်ဖီထုပ်များသည် ယခုအချိန်တွင် မြေပြန့်ဒေသများမှထွက်ရှိမှုနည်းပါပြီး တောင်ပေါ်ဒေသများဖြစ်သည့် အောင်ပန်း၊ ကလော၊ ရွာငံ နှင့် ရေဦးဒေသများမှ အဓိက အများဆုံး ဝင်ရောက်လျက်ရှိပြီး ယခင်လ မုန်လာထုပ် တစ်ထုပ်လျင် (၁၀၀၀-၁၂၀၀)ကျပ်အထိ ရောင်းချရပြီး ယခုလတွင် စျေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိပြီး လက်ရှိ မုန်လာထုပ်စျေးနှုန်း အနေဖြင့် တစ်ထုပ်လျင် လက်ကားစျေး (၁၃၀၀/-)ကျပ်နှင့်လက်လီစျေး(၁၅၀၀/-)ကျပ်အထိ စျေးနှုန်းမြင့်တက် ရောင်းချရသောကြောင့် မုန်လာထုပ်စိုက်ပျိုးသော တောင်သူများ အကျိုးအမြတ် ဖြစ်ထွန်းလျက်ရှိ ကြောင်း ၊ မုန်လာထုပ်ကို အစိမ်းကြော်၊ အတို့အမြှုပ်၊ မုန်လာထုပ်အချဉ်၊ မုန့်ဟင်းခါးများတွင်လည်း ထည့်၍စားသုံးကြောင်း၊ မုန်လာထုပ်ကို ပဲလှော် ပဲကြော်များဖြင့်လည်း အသုပ်သုပ်၍ စားသုံးနိုင် ကြောင်း၊အများပြည်သူများ ဝယ်လိုအားရှိသော မုန်လာထုပ်ကို တောင်သူများ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA( မန္တလေး)