မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ  ကုန်မျိုးစုံရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အမှတ်တံဆိပ်ပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၂၀.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်() ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အမှတ်တံဆိပ်ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံ ဆိုင်(၃)ဆိုင်တွင် ရောင်းချနေသော ဘူးသွတ်ဆီများ၌  ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက် ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊  ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စားအုန်းဆီများသတ်မှတ်ထားသည့် ရည်ညွှန်း ဈေးထက် ပိုမို၍ရောင်းချခြင်းမပြုရန် ဈေးနှုန်းဆိုင်းဘုတ်များကို စားသုံးသူများသိသာထင်ရှားအောင် ချိတ်ဆွဲပြီးရောင်းချကြရန်  ဆိုင်ရှင်များအား အသိပေးဆောင်ရွက်ခဲ့ပါသည်၊ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)