သရက်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ သရက်ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့၏ ကြီးကြပ်ညွှန်ကြားမှုတို့ဖြင့် သရက်ခရိုင် တာဝန်ခံရုံးမှ ဒေါ်ရီရီထွေး(ဒု-ဦးစီးမှူး)သည် (၈.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဌာန(Community Center)ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါ အသိပညာပေး(Talk Show)တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ရီရီထွေး(ဒု-ဦးစီးမှူး) က အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၏ တာဝန်ယူဆောင်ရွက်ရမည့်အချက်(၁၅)ချက်နှင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၏ အခွင့်အရေးများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)၊ ပုဒ်မ(၂၁)ရှိ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းတို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့် Website တစ်ခုဖြစ်သော www.doca.gov.mm သို့ ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင် ကြောင်း၊ Consumer Call Center 1535 သို့လည်းခေါ်ဆို၍ မေးမြန်းတိုင်ကြားနိုင်ကြောင်းတို့အား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)