
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်ရီရီထွေး ဦးဆောင်သော ဝန်ထမ်း(၃)ဦးသည် သရက်မြို့ပေါ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ခရိုင် ပြန်/ ဆက် ဝန်ထမ်း(၄)ဦး၊ ဘေးစီမံဦးစီးဌာန ဝန်ထမ်း(၂)ဦးတို့နှင့်အတူ ပူးပေါင်း၍ (၁၀.၁၀.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကျောင်းသား(၄၁)ဦး၊ ဝန်ထမ်း(၁၃)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ဘေးစီမံဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်ထားရမည့် အချက်များနှင့် ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အချက်အလက်များအကြောင်းကိုလည်းကောင်း၊ ပြန်/ဆက်ဦးစီးဌာနမှ လူငယ်များနှင့်ပတ်သက်၍ အသိပညာပေးသိ ကောင်းစရာများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားရှိပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ သိရှိလိုခြင်း၊ တိုင်ကြားမှုများပြုလုပ် လိုပါက (Consumer Call Centre) 1535 သို့ ခေါ်ဆိုနိုင်ကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
