မကွေးမြို့၊ ရာဇမုနိဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားသုံးသူအခွင့်အရေးနှင့် တာဝန်များသိရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားပြည်စုံသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူတတ်စေရန်ရည်ရွယ်၍ (၁၂.၁၀.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ရာဇမုနိဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ ဆရာ/ ဆရာမ (၈)ဦး၊ ကျောင်းသား/ ကျောင်းသူ (၇၂)ဦး၊ စုစုပေါင်း (၈၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောပွဲတွင် မကွေးခရိုင်တာဝန်ခံရုံးမှ ဒေါ်ဌေးဌေး (ဒု-ဦးစီးမှူး)က ဌာန၏ သမိုင်းကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ဒေါ်ခင်စုစုမွန် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်  ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်း အရာတို့ကို အသေးစိတ်ရှင်းလင်းအသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)