ပြည် မတ်ပဲသီးနှံအနေဖြင့် ပဲဈေးကွက်တွင် ဈေးလျော့ကာ အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ယခင်အောက်တိုဘာလအတွင်းက လဆန်းရက်တွင် ပဲတစ်တင်း ကျပ်၆သောင်းအောက် ဈေးလျော့ပြီး လလယ်တွင် ကျပ်၆သောင်းကျော် ပြန်လည်ရရှိလာခဲ့ကာ လကုန်ပိုင်းတွင် ပဲဈေးများ ပြန်လည် ကျဆင်းခဲ့ပါသည်။ ထို့ကြောင့် နိုဝင်ဘာလဆန်းတွင် ပဲတစ်တင်း ၅၇၅၀၀ကျပ်ဖြင့် ပဲလက်ကျန်များ ရန်ကုန်ဝယ်လက် အဝယ်ရှိမှုအပေါ် အိတ်၂၀၀/၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခု ကာလသည် ပဲစိုက်ပျိုးချိန်ဖြစ်သဖြင့် မျိုးပဲများလည်း အဝယ်ရှိခဲ့သလို ယခင်နှစ်က မျိုးပဲ ရာသီချိန်တွင် ပဲတစ်တင်း ၄၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည့်အတွက် ယခုပဲဈေးပြန်လည် လျော့ကျလာသော်လည်း ယခင်နှစ်ဈေးနှုန်းထက် ဈေးပိုရနေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)