Main menu

ပြည်မတ်ပဲသီးနှံဈေးလျော့လာသော်လည်းမျိုးပဲများအဝယ်ရှိလာ

Powered by Drupal

        ပြည် မတ်ပဲသီးနှံအနေဖြင့် ပဲဈေးကွက်တွင် ဈေးလျော့ကာ အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။  ယခင်အောက်တိုဘာလအတွင်းက လဆန်းရက်တွင်  ပဲတစ်တင်း ကျပ်၆သောင်းအောက် ဈေးလျော့ပြီး လလယ်တွင်  ကျပ်၆သောင်းကျော် ပြန်လည်ရရှိလာခဲ့ကာ လကုန်ပိုင်းတွင်  ပဲဈေးများ ပြန်လည် ကျဆင်းခဲ့ပါသည်။ ထို့ကြောင့်  နိုဝင်ဘာလဆန်းတွင်  ပဲတစ်တင်း ၅၇၅၀၀ကျပ်ဖြင့် ပဲလက်ကျန်များ ရန်ကုန်ဝယ်လက် အဝယ်ရှိမှုအပေါ် အိတ်၂၀၀/၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။  ယခု ကာလသည်  ပဲစိုက်ပျိုးချိန်ဖြစ်သဖြင့် မျိုးပဲများလည်း အဝယ်ရှိခဲ့သလို  ယခင်နှစ်က မျိုးပဲ ရာသီချိန်တွင် ပဲတစ်တင်း ၄၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြသည့်အတွက် ယခုပဲဈေးပြန်လည် လျော့ကျလာသော်လည်း ယခင်နှစ်ဈေးနှုန်းထက် ဈေးပိုရနေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

a