
တောင်ငူမြို့ ညောင်ပင်လေးဈေးတွင် တောင်ငူမြို့နှင့်အနီးတဝိုက်ကျေးရွာများနှင့် အခြားဒေသ များမှ ဒေသထွက် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ ရောင်းချလျှက်ရှိရာ နံနံပင် ဈေးနှုန်းမှာ ယခင်လက ၁ ပိဿာလျှင် ၄၀၀၀၀ ကျပ် မှ ၅၀၀၀၀ကျပ် ထိဈေးနှုန်းမြင့်တက်ခဲ့သော်လည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်း လာပါသည်။
ကန်စွန်းရွက်မှာ ယခင်လ က ၁ စီးလျှင် ၂၅၀ ကျပ်၊ ၁၀ စီး ၂၃၀၀ ကျပ်သာ ဈေးရှိခဲ့သော်လည်း ယခု ဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၃၅၀ ကျပ်၊ ၃ စီးလျှင် ၁၀၀၀ ကျပ် ၊ ၁၀ စီးလျှင် ၃၀၀၀ ကျပ်ထိ ဈေးနှုန်းမြှင့်တက်လာပြီး၊ ချဉ်ပေါင်ရွက် ၁ စီးလျှင် ယခင်လက ၁၅၀ ကျပ်၊ ၁၀ စီး ၁၂၀၀ ကျပ် သာ ဈေးနှုန်းရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၂၅၀ ကျပ်၊ ၁၀ စီးလျှင် ၂၂၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်။ မုံဂျင်းအဝါဖူးများသည် ပေါ်ခါစတွင် ၇ညွှန့်မှ၈ညွှန့်ပါ ၁စီးလျှင် ၈၀၀ ကျပ် နှင့် ၂ စီးလျှင် ၁၅၀၀ ကျပ်ထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်တွင် ၁ စီးလျှင် ၆၅၀ ကျပ်နှင့် ၁၀ စီးလျှင် ၆၀၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလာကြောင်း ရောင်းချသည့်ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)
