
မြင်းခြံမြို့နယ်ရှိ ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စားဖိုဆောင်သီးနှံများ၊ ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးကြပါသည်။ ဒေသတွင်း ခရမ်းချဉ် သီးများ ပေါ်ချိန်မရှိပါက ပုပ္ပားမြို့မှ ဝယ်ယူရောင်းချကြောင်း သိရသည်။ ယခင် နိုဝင်ဘာလ ဆန်းပိုင်းတွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၅၀၀/၄၀၀၀)ကျပ် ရှိခဲ့ပြီး ယခု ဒီဇင်ဘာလဆန်းတွင် မြင်းခြံမြို့ အေးမြသီတာဈေးတွင် (၂၅) ကျပ်သားလျှင် (၁၃၀၀)ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ ယခုအခါ ဒေသတွင်း ခရမ်းချဉ်သီးများ မရှိတော့သဖြင့် ပခုက္ကူမြို့၊ ပုပ္ပားမြို့တို့မှ ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။
DOCA(မန္တလေး)
