မြင်းခြံကုန်စည်ဒိုင်(MDCCI)၏ဆီထွက်သီးနှံဈေးနှုန်းများ

Powered by Drupal

       မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီသီးနှံမျိုးစုံ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် မြေပဲS1 လုံးဆံ တစ်တင်းလျှင် (၁၁၁၅၀၀)ကျပ်၊ ဆီဆံတစ်တင်းလျှင်(၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊  ဆီနေကြာတစ်တင်းလျှင် (၆၅၅၀၀) ကျပ်တို့ဖြင့် အ‌ရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက  ယခုလတွင် ဆီထွက်သီးနှံဈေးနှုန်းများအနေဖြင့် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်းသိရှိရသည်။  နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀) အိတ်ခန့်အရောင်း အဝယ်ပြုလုပ်ကြကြောင်း၊ တင်ပို့မှုအနေဖြင့် လှိုင်သာယာမြို့၊ ရွှေပြည်သာမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြ ကြောင်းသိရှိရသည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် ကုန်စည်ဒိုင်၏ စည်းမျဉ်း စည်ကမ်းများအတိုင်း အရောင်း အဝယ်ပြုလုပ်ကြကြောင်း ပွဲရုံလုပ်ကိုင်သူ တစ်ဦး ပြောပြချက်  အရသိရှိရသည်။

DOCA(မန္တလေး)