
မြင်းခြံမြို့နယ်ရှိ ဘုရားပန်းအရောင်းဆိုင်များ၌ ပန်းမျိုးစုံရောင်းဝယ်လျက်ရှိရာ တာရှည်ခံ လှပသော ဂန္ဓာမာပန်းများကို ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချသလို ရေစကြို့မြို့နယ် ဆင်တဲကျေး ရွာတို့မှထွက်ရှိသော ဂန္ဓာပန်းများကိုလည်း တောင်သူများကိုယ်တိုင် မြင်းခြံမြို့သို့ လာရောက်ရောင်း ချကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ အေးမြသီတာဈေးတွင် ရောင်းချနေ သော ဂန္ဓာမာပန်း တစ်စည်းလျှင် (၂၅၀၀-၃၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ပန်းဈေးများ မှာ ယခင်လဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိကြောင်း၊ ပန်းအရည်အသွေး လတ်ဆက် ပေါ်မှုတည်ပြီးဈေးနှုန်း အနည်းငယ် ကွာခြား ကြောင်း၊ ဂန္ဓာမာပန်းများသည် ရက်ကြာရှည်ခံ လှပသောကြောင့် လူကြိုက်များပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ပန်းအရောင်းဆိုင်များမှ သိရှိရသည်။ ဂန္ဓာမာပန်းသည် မျိုးကွဲပေါင်း မြောက်မြားစွာရှိပြီး ပြုပြင်စိုက်ပျိုးယူရသော ပန်းများမှာ အထူးပင်လှပ၍ ဈေးကောင်းရရှိပြီး လူကြိုက်များသောကြောင့် စီးပွားဖြစ်အဆင်ပြေကြောင်း၊ ဆင်းတဲကျေးရွာ ပန်းစိုက်တောင်သူ များထံမှ သိရှိရသည်။
DOCA(မန္တလေး)
