တည်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

      မန္တလေးတိုင်းဒေသကြီးဈေးကွက်အတွင်း တည်သီးများ အောက်တိုဘာလဆန်းမှစတင် ဝင်ရောက်လာကာ ဒီဇင်ဘာလလယ်အထိ ဈေးကွက်တွင် အဓိကတွေ့ရှိနိုင်ပြီး နိုဝင်ဘာလသည် ရာသီအမြင့်ဆုံးကာလ ဖြစ်သည်။ အဓိကအနေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့်အနီးပတ်ဝန်းကျင် ဒေသများတွင်စိုက်ပျိုးကာ မန္တလေးတိုင်းဒေသကြီးအတွင်းလည်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။  ရောင်းချမှုတွင် ဈေးကွက်တွင်း ပြည်တွင်းဈေးကွက်ဝယ်လိုအားကောင်းမွန်ပြီး အရည်အသွေးမြင့် တည်သီးများကို လက်ဆောင်ပေးခြင်းများ၊ သစ်သီးဆွမ်းကပ်လှူခြင်းများတွင် အသုံးပြုကြ ပါသည်။ တည်သီးဈေးသည်ရာသီဥတုဒဏ်၊နေရာဒေသ၊ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်နှင့် ဈေးကွက်ရာသီ အနေအထားပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်ပြောင်းလဲလျက်ရှိသည်။ မန္တလေးမြို့ဈေးကွက် အတွင်း တည်သီးတစ်လုံးလျှင် ကျပ်၃၅၀၀ မှ ၄၀၀၀အထိ ရောင်းချလျက်ရှိပြီး အသီး အရွယ်အစား အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)