
MSMEလုပ်ငန်းများဖြစ်သော မုန့်ဖတ်(မုန့်တီ၊မုန့်ဟင်းခါး) လုပ်ငန်းများကို မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ယခုနိုဝင်ဘာလ၌ မုန့်ဖတ် (ဆန်ပြား၊မုန့်တီ၊မုန့်ဟင်းခါးဖတ်) ၅၀ ကျပ်သား လျှင်(၁၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ယခင်အောက်တိုဘာလ၌ မုန့်ဖတ် (ဆန်ပြား၊မုန့်တီ၊မုန့်ဟင်းခါးဖတ်) ၅၀ ကျပ်သား လျှင်(၁၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ နေ့စဉ်ပုံမှန်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့်ရောင်း ကုန်ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိရပ်ကွက်များမှ ဝယ်ယူစားသုံးကြကြောင်း၊ မု့န်တီ၊မုန့်ဟင်းခါး ရောင်းချသူများမှလည်း ဝယ်ယူကြောင်း၊ အလှူပွဲ၊ မွေးနေ့ပွဲ၊ ဘုရားပွဲများတွင် အော်ဒါအမှာရှိပါက မုန့်ဖက်များပိုမိုထုတ်လုပ်ရောင်းချရကြောင်း MSME လုပ်ငန်းဖြစ်သော မုန့်ဖတ်ထုတ်လုပ်မှုလုပ်ငန်းသည် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ် ကြောင်း မုန့်ဖတ်ထုတ်လုပ်သူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
