စပါး၊ ဆန်ဈေးနှုန်းဈေးကွက်နှင့် စီးဝင်မှုအခြေအနေ

Powered by Drupal

        မိတ္ထီလာခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စပါးစိုက်ဧက (၁၂၁၃၀၇)ဧက စိုက်ပျိုးသော်လည်း ဆန်လိုဒေသဖြစ်၍ စပါးအဓိက စိုက်ပျိုးထွက်ရှိသည့် အခြားတိုင်း ဒေသကြီးများမှ တင်သွင်းရပါသည်။

        မိတ္ထီလာခရိုင်တွင် အရပ်ပဒေသာ၊ မနောသုခ၊ ရက်(၉၀)၊ ရွှေသွယ်ရင်စပါးများကို အများဆုံးစိုက်ပျိုးကြပါသည်။ ဒီဇင်ဘာလပတ်တွင် ဖြစ်ပေါ်နေသော  မနောသုခစပါး(ဟ) တစ်တင်းလျှင် (၂၁၀၀၀)ကျပ်၊ မနောသုခစပါး(သစ်) တစ်တင်းလျှင်(၁၅၀၀၀)ကျပ်၊ ပဒေသာစပါး(ဟ)တစ်တင်းလျှင် (၃၄၀၀၀)ကျပ်၊ ပဒေသာစပါးသစ်တစ်တင်းလျှင်(၂၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ရန်ကုန်ပေါ်ဆန်း တစ်အိတ်လျှင် (၁၃၅၀၀၀)ကျပ်၊ မင်းဘူးပဒေသာတစ်အိတ်လျှင်( ၁၂၀၀၀၀)ကျပ်၊ မြောင်းမြပဒေသာ တစ်အိတ်လျှင်  ( ၁၁၀၀၀၀)ကျပ်၊ ကုန်ဇောင်းပဒေသာ(ဟ) တစ်အိတ်လျှင်(၁၄၀၀၀၀)ကျပ်၊ အရပ်ပဒေသာ တစ်အိတ် လျှင်(၁၂၅၀၀၀)ကျပ်၊ ရက်(၉၀)(ဟ)တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ အရပ်မနောသုခ တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ သုခတစ်အိတ်လျှင်(၆၂၀၀၀-၇၅၀၀၀)ကျပ်၊ဖန်တီးသုခတစ်အိတ်လျှင် (၈၅၀၀၀ )ကျပ် ဗျော့သုခတစ်အိတ်လျှင်(၇၂၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

       မိတ္ထီလာခရိုင်တွင် ဒီဇင်ဘာလပထမပတ်အတွင်း အခြားတိုင်းဒေသကြီးများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမှ ပေါ်ဆန်းဆန်(၁၀၀)အိတ်၊ ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်ကုန်း၊ဖြူး၊ ကညွှတ်ကွင်း၊ ပြွန်တန်ဆာမှ မနောသုခဆန်(၂၀၀၀)အိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမှ ရွှေဘိုပေါ်ဆန်း ဆန်(၁၀၀ )အိတ်၊ မကွေးတိုင်းဒေသကြီးမှ ပဒေသာဆန်(၄၀၀) အိတ်၊ရန်ကုန်တိုင်းဒေသကြီးမှပေါ်ဆန်း ဆန်(၁၀၀) အိတ် ခန့်စီးဝင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)