ဂွမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အသိပညာပေး‌‌‌ဟောပြောခြင်း

Powered by Drupal

           ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)သည် (၁၈-၁၁-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် ဗဟုသုတများရရှိသောစာအုပ်၊ စာပေများခင်းကျင်းပြသသည့်အခမ်းအနားသို့ တက်ရောက်၍ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေရည်ဝင်းကျော်ာ်(ဦးစီးအရာရှိ)က အမျိူးသားနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ စားသုံးရန်မသင့်သည့် အစားအစာများနှင့် စားသုံးသူကာကွယ်ရေးဉပဒေအခန်း (၁၈)၊ ပုဒ်မ (၄၁) ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး‌ဟောပြောခြင်းများ ‌ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်‌‌ရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)