ကန့်ဘလူမြို့နယ်ပဲဈေးကွက်ရှိ ကုလားပဲမျိုးစုံဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံများကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၆၇၅၀၀)ကျပ်၊ (929)တစ်တင်းလျှင် (၇၁၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၇၃၀၀၀) ကျပ်နှင့် (V7)တစ်တင်းလျှင် (၇၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခု ဒီဇင်ဘာလ တတိယပတ်၏ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် (၅၀၀)ကျပ်၊ (V2)တစ်တင်းလျှင် (၅၀၀)ကျပ်၊ (V7)တစ်တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)