အွန်လိုင်းရောင်းချသူများ မှတ်ပုံတင်ဆောင်ရွက်ပြီးလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦး‌အောင်လွင် (ဦးစီးအရာရှိ) သည် ၂၃.၁.၂၀၂၆  ရက်နေ့ တွင် ညောင်တုန်းမြို့ရှိ စအွန်လိုင်းမှတ်ပုံတင် လျှောက်ထားပြီး လုပ်ငန်းရှင် များအား ဦးတို့အား မြို့နယ်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ ဟောပြောရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က အွန်လိုင်း စနစ် ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှ လိမ်လည်မှုပုံစံ (၂) မျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ အကြောင်း ကိုလည်းကောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၏ အမိန့်ကြော်ငြာ စာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်း ဆိုင် ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန်၊ ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System ၏ Report နှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်း များ၊ တရားမဝင်တင်သွင်း လာ သည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ အွန်လိုင်းအသုံးပြု၍ ရောင်းချနေသည့် လုပ်ငန်းရှင်အနေဖြင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အချက်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု အခြေအနေများ၊အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များ အကြောင်း တက် ရောက်လာသော စားသုံးသူများအား 1535 Consumer Call Center လိုင်းခွဲ (1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။ 

DOCA (ဧရာဝတီ)