
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အလျောက် တမာ၊ ထနောင်း၊ မန်ကျည်းပင်များပေါက်ရောက်သည့်အပြင် ဆေးဖက်ဝင် စားသုံး၍ရသော တဇောင်းပင်များလည်း တောင်တန်းနှင့်တောင်ကုန်းများတွင် ပေါက်ရောက်လျက်ရှိပြီး အချို့ဒေသများတွင် တဇောင်းပင်ကို စီးပွားဖြစ် ဧကလိုက်စိုက်ပျိုးလျက်ရှိကြောင်း၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဈေးများသို့ တဇောင်းခါးများ စတင်ဝင်ရောက်လျက်ရှိရာ တဇောင်းခါး လက်ကားတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင်(၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကုန်စိမ်းသည်များမှာ စားသုံးသူများ အဆင်ပြေစေရန်အတွက် (၅၀၀/၁၀၀၀)ကျပ်တန် အထုပ်ကလေးများ ထုပ်၍လည်း ရောင်းချပေးကြောင်း၊ တဇောင်းခါးစားသုံးခြင်းဖြင့် ကိုလက်စထရောကိုကျစေကြောင်း၊ နှလုံးသွေးကြော ကျဉ်းရောဂါကို ကာကွယ်နိုင်ကြောင်း၊ ဆီးချိုရောဂါကို ကျစေကြောင်း၊ လိပ်ခေါင်းရောဂါကိုလည်း သက်သာစေကြောင်း၊ တဇောင်းခါး၏ အရသာသည် ချဉ်ခါးသက်သက်လေးမို့ ချက်ပြုတ်စားသုံးလျှင် ခံတွင်းကိုမိန်စေသောကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိသော တဇောင်းခါးကို ဝယ်ယူစားသုံးသင့်ပါကြောင်း တင်ပြအပ်ပါသည်။
DOCA(မန္တလေး)
