“သုံးခွမြို့နယ်အတွင်းရှိအထူးကုဆေးခန်းစစ်ဆေးဆိုင်သို့ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်း ဖွင့်လှစ်ထားသော အေးမေတ္တာအထူးကုဆေးဆိုင်သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့ (ရန်ကုန်) မှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်အဖြစ်လိုက်ပါပြီး ဖေဖော်ဝါရီလ (၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီဝင်းနှင့်ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အနော်ရထာလမ်း၊  အမှတ်(၁)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော အေးမေတ္တာ အထူးကုဆေးခန်း၏ ဆေးဆိုင်သို့ ဆေးဝါးများစနစ်တကျရောင်းချမှုရှိ/မရှိ၊ ထိန်းချုပ် ဆေးဝါးများ ရောင်းချမှုရှိ/မရှိ၊ ဆေးဆိုင်လိုင်စင်ရှိ/မရှိနှင့် ထိန်းချုပ်ဆေးဝါးများအား သတ်မှတ် ချက်နှင့်အညီ လုံခြုံစွာထားသို ရောင်းချနိုင်ရန် စီစဉ်ထားရှိနိုင်ရေးနှင့် လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)