“ခရမ်းမြို့နယ်ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဝယ်ယူ သုံးစွဲရာတွင် ဆန်ဈေးနှုုန်းကြီးမြင့်မှုမရှိစေရေးနှင့် ပစ္စည်းမှန်ဈေးနှုန်းမှန်ကန်မှုရှိပြီး ဝယ်ယူသည့် ကုန်စည်သည် ပေးချေလိုက်ရသည့် တန်ဖိုးနှင့်အညီ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံတို့နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီလ(၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်နှင့် ဒေါ်သောင်းသောင်း ဆန်ဆိုင်တို့တွင် ရောင်းချနေသောဆန်ချော၊ ဆန်ကြမ်းများ၏ (၁) အိတ်ဈေးနှုန်း၊ (၁) ပြည် ရောင်းချနေသော လက်လီဈေးနှုန်းများအား စစ်ဆေးခြင်း၊ ဆန်များအား ဝယ်ယူသည့် ဒေသ၊ နေရာများ၊ ဝယ်ယူဈေးနှုန်းများအား စစ်ဆေးခဲ့ကြပြီး ဆိုင်ရှင်များအား ဆန်များကို သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အလေးချိန်၊ အချိန်အတွယ် မှန်ကန်မှုမရှိဘဲ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ထိုသို့ရောင်းချနေမှုအား စစ်ဆေးတွေ့ရှိခဲ့ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ စားသုံးသူကာကွယ်ရေး ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)