
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံများတွင် မြေပြင်အမှန်တကယ် သိုလှောင်နေမှုနှင့် စပါးဆန် လက်ကျန်အခြေအနေများ doca.gov.mm ကို စစ်ဆေးလျက်ရှိပြီး၊ MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် မြို့နယ်အတွင်းရှိ ဆန်စက်၊ ကုန်သည်၊ တောင်သူ၊ ဆန်ဆိုင်များအား မြေပြင်ကွင်းဆင်းခြင်းများ စီးပွားရေးအလိုငှာ သိုလှောင်လုပ်ကိုင်သူ လုပ်ငန်းရှင်ထံ စာရင်းများကောက်ခံ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများတွင် စပါးနှင့်ဆန် လက်ကျန်များရှိနေပြီး၊ သိုလှောင်မှု မှတ်ပုံတင် သက်တမ်းတိုးခြင်းများကိုလည်း စနစ်တကျလုပ်ဆောင်လျက်ရှိပါသည်။ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဆန်စပါးသိုလှောင်မှုများ မှန်ကန်စေရန်နှင့် ဈေးကွက်အတွင်း စပါး၊ ဆန် လက်ကျန်အခြေအနေများကို ပုံမှန်စစ်ဆေးလျက်ရှိသည် MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် လုပ်ငန်းရှင်များအား တိုက်တွန်းနိုးဆော်ဆောင်ရွက်လျက်ရှိကာ ၁၅-၂-၂၀၂၆ ရက်နေ့ ညောင်တုန်းမြို့နယ် စပါးဆန် လက်ကျန်စာရင်းအခြေအနေများမှာ တောင်သူ စပါး ၁၃၈၆၅၂၆တင်း၊ ဆန် ၃၈၇၂အိတ်၊ စက်ပိုင်စပါး ၆၄၉၉၇၇တင်း၊ ဆန် ၅၁၉၅၅၈ အိတ်၊ ကုန်သည် စပါး ၁၃၁၅၀၀တင်း၊ ဆန် ၇၄၆၀အိတ်၊ ဆန်ဆိုင် ၆၇၆၀အိတ်၊ စုစုပေါင်း စပါး ၂၁၆၈၀၀၃ တင်း၊ ဆန် ၅၃၇၆၅၀ အိတ်ရှိကြောင်း မြို့နယ် နယ်မြေစာရင်းများအရ သိရှိရပါသည်။
DOCA(ဧရာဝတီ)
