
ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်းစားသုံး၍ ပိုလျှံသောသီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ သို့ အဓိကတင်ပို့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ တတိယပတ်အတွင်း နှမ်းနက်(စမုံ)သစ်တစ်တင်းလျှင် ကျပ် ၂၃၃၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၃၀၀၀၀ နှုန်းဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ် ၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း နှမ်းနက်(စမုံ)အရောင်းအဝယ်အေးပြီး ကျပ် ၅၀၀၀ ကျဆင်းလျက်ရှိသော်လည်း နှမ်းဖြူကို စားသောက်ကုန်ထုတ်လုပ်ရာတွင် အသုံးပြုခြင်း ၊ မန္တလေးဈေးကွက်တို့တွင် အနည်းငယ်ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင်ကျပ် ၁၀၀၀၀ ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များ ထံမှ သိရသည်။
DOCA(စစ်ကိုင်း)
