
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ခံ ဦးဝင်းသိန်းဦး(ရုံးအုပ်) ဦးဆောင်၍ ဒေါ်မြတ်နိုးလွင် (အငယ်တန်းစာရေး) တို့သည်(၈-၅-၂၀၂၆)ရက်နေ့(၁၁:၀၀)နာရီအချိန်တွင် မိုးညှင်းခရိုင် ဦးစီးမှူးရုံး၌ စာရေးကိရိယာပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀)၊ပုဒ်မ(၂၁)အရ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊သတ်မှတ်ချက်များနှင့်စပ်လျဥ်း၍ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက် များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင် ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်းစသည့် အချက်များအကြောင်း၊ အခန်း(၁)၊ပုဒ်မ(၂)အရကုန်စည်/ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက် များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
