
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးအောင်ကျော်ထွေး(ဦးစီးအရာရှိ) ဦးဆောင်သော အဖွဲ့သည် ၇-၈-၂၀၂၆ ရက်နေ့ ၁၁:၃၀ နာရီအချိန်၌ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊မြို့မရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက် များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဦးအောင်ကျော်ထွေး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁) ( ပုဒ်မ၂။ ပုဒ်မခွဲ)(ဂ) အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေအခန်း((၁၀)၊ပုဒ်မ(၂၁) အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း စသည့်အချက် များအကြောင်းအပြင် ဥပဒေအခန်း(၁၄)၊ပုဒ်မ (၂၇) အရ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များအကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန မှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအမိန့်ထုတ်ပြန်ခြင်းအကြောင်း၊ အီလက်ထရောနစ်အငွေ့ ရှူစက်ဖြစ်သည့်၊ အီလက်ထရောနစ်စီးကရက်ကဲသို့သော ပစ္စည်းများ အကြောင်း၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်အကြောင်း၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)
